ဒန်ပေါက်ဆန် ၃ ခွက်( ပေါင်အိုးထဲမှာပါတဲ့ခွက်)
ကြက်သွန်နီကြော် ၂ စာပွဲစားဇွန်း
ကရဝေးရွက် ၁ ရွက်.
သစ်ဂျပိုးခေါက် ၁ ချောင်း
ဖာလာစေ့ ၄ စေ့
လေးညှင်း ၂ ပွင့်
နာနတ်ပွင့် ၂ ပွင့်
ဒိန်ချဉ် ၁ စာပွဲစားဇွန်း
ဆား ၁ လဖက်ရည်ဇွန်း
ရေ ၈ ခွက်
အဝါေ၇ာင်ဆိုးဆေး အနည်းငယ်
ဟင်းသီးဟင်းရွက်ဟင်းချက်ရန်လိုအပ်တာတွေကတော့
ကြက်သွန်နီ ၁၂၀ ဂရမ်
ကြက်သွန်ဖြူ ၃၅ ဂရမ်
ချင်း ၃၀ ဂရမ်
ခရမ်းချဉ်သီး ၃ လုံး
ကရဝေးရွက် ၁ ရွက်
သစ်ရျပိုးခေါက် ၁ ချောင်း
နာနတ်ပွင့် ၂ ပွင့်
ဖာလာစေ့ ၄ စေ့
လေညှင်း ၂ ပွင့်
မဆာလာ ၂ လဖက်ရည်ဇွန်း
နံနံပင် ၃ ပင်
ပူဒီနာ ၄ ပင်
ပန်းဂေါဖီ ၁၆၀ ဂရမ်
မုံလာဥနီ ၁၂၀ ဂရမ်
မေမြို့ပဲသီး ၇၀ ဂရမ်
ပဲသီးစိမ်း frozen green peas ၇၀ဂရမ်
ငရုပ်သီးမူန့် ၁ စာပွဲစားဇွန်း
နနွန်းမူန့် နည်းငယ်
ဆား ၂ လဖက်ရည်ဇွန်း
ဆီ ၄ စာပွဲစားဇွန်း
ထောပတ် ၃၀ ဂရမ်+၂၀ ဂရမ်
ရေ ၃၅၀ ml
ချက်နည်းအဆင့်ဆင့်ကတော့.....
1.ဆန်ကို အနည်းဆုံး၃ ကြိမ်ခန့်ဆေးပြီး.မိနစ်၂၀ ခန့်ရေစိမ်ထားပါ.ပြီးယင် ဇကာဖြင့်စစ့်ထားပါ.ထမင်းချက်မဲ့အိုးထဲကို ရေ ၈ခွက်ထည့်ပါ.လိုအပ်တဲ့ ဟင်းခတ်အမွှေးအကြိုင်တွေဖြစ်တဲ့. ကရဝေးရွက်.နာနတ်ပွင့်.လေးညှင်း.သစ်ဂျပိုးခေါက်.ဖာလညစေ့ နဲ့ ကြက်သွန်နီကြော်ထည့်ပြီးဆူအောင်တည်ပါ.ရေဆူယင်.ရေစစ်ထားတဲ့ ဆန်.ဒိန်ချဉ်.ဆားထည့်ပြီး ဆန်သုံးပုံနှစ်ပုံကျက်တဲ့အထိချက်ပါ.ေ၇ငှဲ့ပြီးချက်တဲ့နည်းဖြစ်တဲ့အတွက်.ထမင်းရည်ငှဲ့ပြီး.မနပ်တနပ်ဖြစ်နေတဲ့ထမင်းကို ဇကာနဲ့စစ့်ထားပါ.
2. ဟင်းသီးဟင်းရွက်ချက်ရန်နူတ်နူတ်စင်းထားတဲ့ ကြက်သွန်နီ.ကြက်သွန်ဖြစ်.ချင်းတို့ကို ဆီ.ထောပတ် ၃၀ ဂရန်နဲ့ဆီသတ်ပါ.ဆီသတ်တဲ့အခါ.ဟင်းခတ်အမွှေးအကြိုင်တွေဖြစ်တဲ့ နာနတ်ပွင့်.သစ်ဂျပိုးခေါက်.လေညှင်း.ကရဝေးရွက်.ဖာလာစေ့ထည့်ပြီးဆီသတ်ပါ.နနွန်းမူန့်လည်းထည့်ပါ.
3.အနံ့မွှေးပြီးကြက်သွန်နွန်းယင်.ပါးပါးလှီးထားတဲ့ ခရမ်းချဉ်သီးထည့်ပြီးမွှေပေးပါ.ပြီးယင် ငရုပ်သီးမူန့်ထည့်ပြီး ခရမ်းချဉ်သီးကျေသည်အထိချက်ပါ.
4.ပြီးယင် သေးသေးလှီးထားတဲ့.ပန်းဂေါဖီ.မုန်လာဥနီ.ပဲသီးထည့်ပြီးမွှေပေးပါ.
5.ရေထည့်ပါ.ဆား.မဆာလာထည့်ပြီး.ဟင်းသီးဟင်းရွက် သုံးပုံနှစ်ပုံနူးသည်အထိချက်ပါ.ပြီးယင် ပဲသီးစိမ်း (frozen green peas).ပါးပါးလှီးထားတဲ့ နံနံပင်.ချွေထားတဲ့ ပူဒီနာပြီးမွှေပေးပါ. ဟင်းသီးဟင်းရွက်ဟင်းထဲမှာ ရေနဲနဲကျန်နေရပါ့မယ်.
5.ပြီးယင် ချက်မဲ့မြေအိုးထဲကို ငှက်ပျောရွက်ခင်းပါ.ပြီးယင် ချက်ထားတဲ့ ဟင်းသီးဟင်းရွက်ဟင်းထည့်ပြီးဖြန့်ခင်းပါ.ပြီးယင် စောစောက စစ်ထားတဲ့ ထမင်းမနပ်တနပ်ကို ဟင်းပေါမှာဖြန့်ခင်းပါ.ပြီးယင် အဝါရောင်ဆိုးဆေး ကို ဆန်ပေါမှာ နေရာကွက်ကြားထည့်ပါ.ပြီးယင် အဖုံးဖုံးပြီး မီးအေးအေးနဲ့ ၁၅ မိနစ်-မိနစ်၂၀ခန့်ချက်ပါ.
6.အဖုံးနဲ့မြေအိုးကြားမှာ အငွေ့မထွက်စေရန်.ခဲဖတ်နဲ့ လုံအောင်ဖုံးပြီး စလောင်းဖုံးနဲ့ပြန်အုပ်ပါ....ဒါမှမဟုတ် ရိုးရာနည်းနဲ့.ဂျူံနဲ့နယ်ထားတဲ့ မုန့်သားကို မြေအိုးနဲ့စလောင်းဖုန့်ကြားအငွေ့လုံအောင်မံပေးပါ(ကပ်ပေးပါ).
7.ဒန်ပေါက်ထမင်းနပ်တာနဲ့..ကျန်နေတဲ့ထောပတ်.၂၀ ဂ၇မ်ထည့်ပြီး.မွှေလိုက်ယင်..ရောင်စုံသတ်သတ်လွတ်ဒန်ပေါက်ရပါပြီး..တချို့သောသတ်သတ်လွတ်တွေက ထောပတ်မစားဘူးဆိုယင် ထောပတ်မထည့်ပဲ ဆီနဲနဲပိုထည့်ပါ.
Monday, August 5, 2019
မုန့်လင်မယားကြိုက်သူများအတွက် 😋💕
#မုန့်လင်မယား လုပ်နည်း..
မုန့်ရည်အတွက်..
ဆန်မှုန့်.. ၁၅၀ ဂရမ် (၁၀ကျပ်သား)
Tempura flour...၇၅ ဂရမ် ( ၅ ကျပ်သား )
ပဲစိမ်းမှုန့်.............. ၁ စားပွဲတင်ဇွန်း
စား ဆော်ဒါ........ ၂ ငြုပ်ကောင်းစေ့ခန့်
ကြက်ဥ ...... တစ်လုံး
ဆား ....... အနဲငယ်
အချိုမှုန့်(စားတတ်ရင်) ...အနဲငယ် တို့ကို ရောပြီး ရေကျဲကျဲလေး ဖျော်ပြီး တစ်နာရီလောက် ထားလိုက်ပါ...
ပြီးရင် ..ပဲပြုတ်..ငုံးဥ....ကြက်သွန်မြိတ်/နံနံပင်ပါးပါးလှီး ( မုန်ရည်ထဲ တစ်ခါတည်းရောထားလိုက်ပါ ) တို့နဲ့ စားချင်တဲ့အချိန် စိတ်တိုင်းကျ လုပ်စားလို့ ရပါပြီ...
မုန့်ရည်ကျဲကျဲ ကို ဆီများများလေးနဲ့ လုပ်မှ ပိုစားကောင်းတာမို့ ပဲစေ့ဆီ နေကြာဆီလေးတွေ သုံးရင် ကျန်းမာရေးတွက် ပိုကောင်းပါတယ်ရှင်..
မုန့်ရည် ပိုရင်..မန်ကျည်းချဉ် ပိုရင်..နောက်ရက် လုပ်စားရအောင် ရေခဲသေတ္တာထဲ သိမ်းထားလိုက်ပါနော်..
Credit : Thida Lay Lay

"သရက်သီးသနပ်ပြုလုပ်နည်း"
ပါဝင်ပစ္စည်း
၁။ သရက်သီးခြောက် - ၂ ပိဿာ
၂။ နံ နံစေ့ - ၁၀ ကျပ်သား
၃။ ဇီရာ - ၃ ကျပ်သား
၎။ ပဲနံ့သာ - ၂ ကျပ်သား
၅။ ဆား - ၃ ကျပ်သား
၆။ ဖာလာစေ့ - ၁ ကျပ်သား
၇။ ငရုတ်သီးအစိမ်းမှုန့် - ၂ ဆယ်သား
၈။ ဘိန်းစေ့ - ၅ ကျပ်သား
၉။ မုန်ညင်းစေ့ - ၅ ကျပ်သား
၁၀။ ကရဝေးရွက် - ၂ ကျပ်သား
၁၁။ နံနံပွင့် - ၂ ကျပ်သား
၁၂။ ဆီ - ၁ ပိဿာ
၁၃။ ကြက်သွန်ဖြူ - ၂၅ ကျပ်သား (အခွံခွာပြီး အစိတ်စိတ်ပါ)
ပြုလုပ်နည်း
သရက်သီးသနပ် အချို၊ ချဉ်စပ်ကို
ရင်ကွဲသရက်သီးစစပေါ်ချိန် မရင့်မီ အစေ့မရှပ်ခင်
အသီးနုချိန် (၃)လက်မ၊ (၄)လက်မအရွယ်လောက်မှာ
အခွံခွာ၊ အစေ့ထုတ်၊ ပါးပါးလှီး၊ ရေဆေး၊ ဆားစိမ်မယ်။
ဆားနဲ့ တစ်ညနှပ်မယ်။ ပြီးရင် နေ နှစ်ရက်လှန်းပြီး
ရလာတဲ့သရက်သီးခြောက်ကို နံနံစေ့၊ ဇီရာ၊
ပဲနံ့သာ၊ ဖာလာစေ့၊ ကရဝေးရွက်၊
နံနံပွင့် ရောကြိတ်ထားတာနဲ့ ဘိန်းစေ့၊ မုန်ညင်းစေ့၊ ငရုတ်သီးအစိမ်းမှုန့်တို့ကို သမအောင် မွှေမယ်။
ဇလုံတစ်ခုထဲမှာ ရောမွှေထားတာများကို
သရက်သီးဖတ်မပေါ်အောင် ဆီအမြုပ်ထည့်၍
အပေါ်မှ ကြက်သွန်ဖြူဖြူးလိုက်ပါ။
• သရက်သီးသနပ်အချိုစားချင်ပါက
သကြား(၁၀)ကျပ်သားထည့်ပြီး
အထက်ပါနည်းအတိုင်းပြုလုပ်သုံးဆောင်နိုင်ပါပြီ။
• သရက်သီးအစိမ်းသနပ်ပြုလုပ်ချင်တယ်ဆိုရင်
သရက်သီးအချို၊ ချဉ်စပ်တို့နဲ့ ပါဝင်ပစ္စည်း ပမာဏတူပေမယ့်
ပြုလုပ်နည်းမှာ နည်းနည်းကွဲပါတယ်။
သရက်သီးအစိမ်းသနပ်အတွက်
ရင်ကွဲသရက်သီးအရင့် အလုံးကြီးတစ်လုံး
ကို အခွံမခွာဘဲ တစ်လက်မအရွယ်ရှစ်စိတ်၊
ကိုးစိတ်လှီးကာ ရေဆေးပြီး ဆားစိမ်မယ်။
ဆားနဲ့တစ်ညနှပ်ပြီး နေကိုနေ့တစ်ဝက်ပဲလှန်းပါ။
သရက်သီးအချိုနဲ့ ချဉ်စပ်ပြုလုပ်နည်းအတိုင်း ပြုလုပ်၍ သုံးဆောင်ပါ။
Credit

"လ္ဘက်ထမင်းနယ်"
ပါဝင်ပစ္စည်းများ
ထမင်း
လ္ဘက်ချဉ်စပ်နှပ်
ကြက်သွန်ကြော်
မြေပဲလှော်
ဆီ
ဆား
ပုဇွန်ခြောက်မူန့်
ခရမ်းချဉ်သီး
ကြက်သွန်နီ
ကြက်သွန်ဖြူ
ငါးနီတူခြောက်ကြော်ရွရွလေး
ရေနွေးကြမ်းပူပူလေး
ပြုလုပ်နည်း
အိမ်မှာ လ္ဘက်ချဉ်စပ်နှပ်ကို ထမင်းပေါ်တွင် ထည့်ပြီး ကြက်သွန်ကြော် ၊ နှမ်း ၊ မြေပဲလှော် ၊ ဆီ ၊ ဆား ၊ ပုဇွန်ခြောက်မူန့် ထည့်ပြီး အားလုံး သမအောင် နယ်ပါ ။
လ္ဘက် ထမင်းပေါ်က ခရမ်းချဉ်သီး ၊ ကြက်သွန်နီ ပါးပါးလှီး ထည့်ပါ ။
ကြက်သွန်ဖြူ ၊ ငါးနီတူခြောက်ကြော် ရွရွလေးကို တပုံစီ ပုံပြီး ရေနွေးကြမ်း ပူပူလေးနဲ့ သုံးဆောင်ကြည့်ပါ
crd knowledge corner

Subscribe to:
Posts (Atom)